အစိုးရဘက်ကရက်ရွှေ့ဆိုင်းလိုက်သည့်အတွက်အထမမြောက် ခဲ့သည့်
တတိယအကြိမ်မြောက်အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲ
ပြုလုပ်မည့် နေ့ရက်ကို နှစ်ဦးနှစ်ဘက်ပန်လည်သတ်မှတ်ကာ လာမည့်လဆန်းတွင် ဆွေးနွေးမည် ဖြစ်ကြောင်း
ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင်
စက်တင်္ဘာလ ၃ ရက်မှ ၄ ရက်နေ့ထိ
နှစ်ရက်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် KNU က
သတင်းထုတ်ပြန်သည်။တတိယအကြိမ် ဆွေးနွေးပွဲကို သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်တွင် သုံးရက်ကြာ ပြုလုပ်မည်ဟု သဘောတူခဲ့သော်လည်း အစိုးရဘက်မှ ရက်ရွှေ့ဆိုင်းလိုက်သည့်အတွက် ပျက်ပြယ်ခဲ့ပြီး ထပ်မံ ရက်သတ်မှတ် အတည်ပြုလိုက်ခြင်း ဖြစ်သည်။KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ဦးဆောင်ပြီး ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ကာ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမည် ဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ရန် KNU ဘက်မှ ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူ ၆ ဦးကို ဖိတ်ကြားထားပြီး အစိုးရဘက်လည်း လေ့လာသူများ ဖိတ်ကြားလိမ့်မည်ဟု နော်မေဦး က ပြောသည်။

No comments:
Post a Comment