Thursday, October 18, 2012

ဒု-သမ္မတခရီးစဉ်နှင့် စစ်တွေမြို့အာဏာ ပိုင်များ ခြိမ်းခြောက်မှု…

နိုင်ငံတော်ဒုတိယသမ္မတဦးစိုင်းမောက်ခမ်းသည် ၀န်ကြီးများ၊ ကြည်း၊ရေ၊လေတပ်မှအရာရှိကြီးများနှင့်အတူ မောင်းတောမြို့အလယ် သံကျော်ကျေးရွာသို့ရဟတ်ယာဉ်များဖြင့် နံနက် (၁၀) နာရီတွင်ရောက်ရှိခဲ့ပြီး နစက၀န်ထမ်းများနှင့် နစကရုံးတွင်တွေ့ဆုံ ခဲ့သည်။ ထိုမှတဆင့် ၁၀ နာရီ ၄၅ မိနစ်တွင် ညောင်ချောင်းကျေးရွာ သို့သွားရောက်ပြီး နတလကျေးရွာကိုဝင်ရောက်၍ ၁၁ နာရီတွင်မောင်းတောမြို့ အနှံ့ကိုရဟတ် ယာဉ်ပေါ်မှကြည့်ရှူ့၍ မောင်းတောမြို့ဘောလုံးကွင်း၌ ဆင်း သက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဒု-သမ္မတ ၏မောင်းတော မြို့ခရီးစဉ်အတွင်းတွေ့ ဆုံဆွေးနွေး မှုနှင့် ပတ်သက် ၍ သတင်းတစုံ တရာ မရှိသေးပါ။
ဦးစိုင်းမောက်ခမ်း၏ရခိုင်ပြည်နယ်တွင်နှစ်ရက်ကြာလှည့်လည်မည်ဖြစ်ပြီး စစ်တွေမြို့ရှိဒုက္ခသည် စခန်း များနှင့်ကျောက်ဖြူမြို့  သို့လည်း သွားရောက်မည်ဟုသိရသည်။
စစ်တွေမြို့ဘောဒူဘဒုက္ခသည်စခန်းသို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်ကွန် တားနားလာရောက်သည့်အချိန်တွင်အာဏာပိုင်များရှိနေသည့်ကြားတွင်ပင် ရဲရင့်စွာအဖြစ် မှန်ကိုပြောဆို၍ဆိုင်းဘုတ်များကို လည်းကိုင်ဆောင်ပြသခဲ့ကြောင်းသတင်းရရှိပါသည်။ ထို့ကြောင့်ယမန်နေ့ (သြဂုတ်လ ၂ ရက်) ကအာဏာပိုင်များ ဘောဒူဘစခန်းသို့လာရောက်ပြီး ဒု-သမ္မတလာလျှင် မည်သူမှ တိုက်ရိုက်မပြောရန်၊ ဆိုင်းဘုတ်များမကိုင်ဆောင်ရန်၊ အစိုးရအဖွဲ့မှ တာဝန်ပေးအပ် ထားသော စခန်းတာဝန်ခံများကသာပြောဆိုရန်မှာကြားပြီး၊ ခေါက်ဆွဲထုတ် များပေးသွား ခဲ့ကြောင်းသိရသည်။ အာဏာပိုင်များက ဒု-သမ္မတလာလျှင်ထိုခေါက်ဆွဲထုတ်များကိုထုတ်ပြရန်နှင့် အကယ်၍မှာကြား သည့်လိုက်နာ ရန်ပျက်ကွက်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဘောဒူဘဒုက္ခ သည်စခန်း မှ အမည်မဖော် လိုသူတစ် ဦးကသ တင်းပေးပို့ပါသည်။

No comments:

Post a Comment

Your ideal