Thursday, October 18, 2012

ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူ များ၍ ငွေလဲ လှယ်ရေး ကောင်တာ များ စောပိတ်

ငွေလဲကောင်တာ များက ရောင်းချပေး နေသော ငွေလဲနှုန်း ဈေးနှင့် ပြင်ပပေါက် ဈေးတွင် ဖြစ်ပေါ်နေ သော

 ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။

ဇွန်လ ၂၆ ရက်က ငွေလဲ ကောင်တာများတွင် သတ်မှတ် သောဈေးမှာ တစ်ဒေါ်လာလျှင် ၈၆၇ကျပ်(ရောင်းဈေး)သာရှိပြီးပြင်ပဈေးကွက်ဝယ်ဈေးမှာ တစ်ဒေါ် လာလျှင် ၈၈၅ ကျပ်ဈေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငွေလဲကောင် တာများတွင် လာရောက်ဝယ်ယူသူများခဲ့သဖြင့် ပုံမှန်နေ့များထက် စော၍ ကောင်တာများ အရောင်း ရပ်ခဲ့ရကြောင်းသတင်းရရှိသည်။

အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး


အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီလူ့အခွင့်အရေးနဲ့
အလုပ်သမားရေးရာဌာနလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်
ကယ်ပို့စ်နာ (Michael Posner) နဲ့ အဖွဲ့ဟာ
ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပထမဆုံးအကြိမ် လူ့အခွင့်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒု-သမ္မတခရီးစဉ်နှင့် စစ်တွေမြို့အာဏာ ပိုင်များ ခြိမ်းခြောက်မှု…

နိုင်ငံတော်ဒုတိယသမ္မတဦးစိုင်းမောက်ခမ်းသည် ၀န်ကြီးများ၊ ကြည်း၊ရေ၊လေတပ်မှအရာရှိကြီးများနှင့်အတူ မောင်းတောမြို့အလယ် သံကျော်ကျေးရွာသို့ရဟတ်ယာဉ်များဖြင့် နံနက် (၁၀) နာရီတွင်ရောက်ရှိခဲ့ပြီး နစက၀န်ထမ်းများနှင့် နစကရုံးတွင်တွေ့ဆုံ ခဲ့သည်။ ထိုမှတဆင့် ၁၀ နာရီ ၄၅ မိနစ်တွင် ညောင်ချောင်းကျေးရွာ သို့သွားရောက်ပြီး နတလကျေးရွာကိုဝင်ရောက်၍ ၁၁ နာရီတွင်မောင်းတောမြို့ အနှံ့ကိုရဟတ် ယာဉ်ပေါ်မှကြည့်ရှူ့၍ မောင်းတောမြို့ဘောလုံးကွင်း၌ ဆင်း သက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Sunday, October 14, 2012

စက်တင်ဘာဆန်းတွင် KNU နှင့် အစိုးရ တတိယအကြိမ် ဆွေးနွေးမည်



 အစိုးရဘက်ကရက်ရွှေ့ဆိုင်းလိုက်သည့်အတွက်အထမမြောက် ခဲ့သည့် တတိယအကြိမ်မြောက်အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲ 
 ပြုလုပ်မည့် နေ့ရက်ကို နှစ်ဦးနှစ်ဘက်ပန်လည်သတ်မှတ်ကာ လာမည့်လဆန်းတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင်

Tuesday, October 9, 2012

အိုဘားမား နှင့် မစ်ချယ်(လ) တို့  ၏ မင်္ဂလာ သက်တမ်း နှစ် ၂၀ ပြည့် |

သမ္မတ ဘာရက်အိုဘားမား နှင့် ကြင်သူသက်ထား မစ်ရှယ်(လ) အိုဘားမား တို့  ၏ အနှစ် ၂၀
မြောက် မင်္ဂလာ နှစ်ပတ်လည် ကို စနေ နေ့ ညက ၀ါရှင် တန်ဒီစီ ၊ ဂျော့တောင်း ရှိ Four Season 
ဟိုတယ် ၏ Bourbon Steak House တွင် ကျင်းပခဲ့ သည်။ မင်္ဂလာနှစ် ပတ်လည်နေ့ သည့်
ရွေးကောက်ပွဲ အတွက် ပြိုင်ဘက် သမ္မတ နှင့် စကား စစ်ထိုးနေ၍ နောက် ကျပြီး မှာ ကျင်း ပ
နိုင်ခဲ့ ခြင်း ဖြစ်သည်။

Your ideal